မြန်မာနိုင်ငံ၏ လုံခြုံရေးကဏ္ဍအား ဒီမိုကရေစီနည်းကျ ဖော်ဆောင်ခြင်း - တည်မြဲသည့်အမွေအနှစ်များနှင့် ရှေ့ဆက်ရမည့်ခရီးရှည်

လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း Saferworld အဖွဲ့သည် အကြမ်းဖက်မှုများနှင့် ပဋိပက္ခများအား လျှော့ချ ကာကွယ်ရန် နှင့် ပိုမို လုံခြုံသော ဘဝများတည်ဆောက်နိုင်ရန် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း လုပ်ဆောင်လာခဲ့ပါသည်။  ကျွန်ုပ်တို့ လုပ်ဆောင်နေသော နိုင်ငံများတွင် လုံခြုံရေးကို ပြည်သူများအတွက် ဝန်ဆောင်မှုပေးရာနှင့်   တွေ့ကြုံခံစား ရပုံမှာ ခက်ခဲရှုပ်ထွေးသော အကြောင်းအရာများ ဆက်စပ်ပတ်သက်နေခြင်းသည် နိုင်ငံတစ်နိုင်ငံ သို့မဟုတ်  လူမှု အသိုင်းအဝိုင်းတစ်ခု ခိုင်မာသော ငြိမ်းချမ်းရေး ရရှိနိုင်ခြင်းကို အဆုံးအဖြတ်ပေးပါသည်။ ကျွန်ုပ်တို့သည် ဒေသခံ အုပ်စုများ - အစိုးရ၊ လုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုအဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်းများအား - ပိုမိုငြိမ်းချမ်း၍မျှတသော လူ့အဖွဲ့အစည်းတည်ဆောက်ရာတွင် အထောက်အကူများ ပေးပါသည်။ ၂၀၁၂ ခုနှစ်မှ စတင်ကာ Saferworld သည် မြန်မာနိုင်ငံတွင်  ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကဏ္ဍများတွင် လုပ်ဆောင်လာစဉ်မှ  လုံခြုံရေး ကဏ္ဍတွင် နိုင်ငံတစ်ဝန်း စစ်မှန်သော    ပြုပြင်ပြောင်းလဲမှု မရှိပါက စစ်မှန်သော ငြိမ်းချမ်းရေး ရရှိရန်မှာလည်း အလှမ်းဝေးနေမည် ဆိုသည်ကို ရှင်းရှင်းလင်းလင်း  ပိုမိုသိရှိလာခဲ့သည်။ လွန်ခဲ့သည့် နှစ်အနည်းကာလတွင် လူထုမှ ၎င်းတို့ဒေသများတွင် ပိုမိုလုံခြုံမှုရှိ လာအောင်  တည်ဆောက်ခြင်းလုပ်ငန်းများတွင် ကူညီနိုင်ခဲ့ကာ - ထိုမှ အတွေ့အကြုံများကို ဆွဲယူ၍ နိုင်ငံ၏ လုံခြုံရေး ကဏ္ဍသည် မည်သို့အားလုံးအတွက် ပိုမိုပါဝင်မှုကျယ်ပြန့်ကာ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်မှုရှိ၍  တာဝန်ခံမှုတာဝန်ယူ မှုရှိသည့် နိုင်ငံ့လုံခြုံရေးကဏ္ဍ ဆွေးနွေးမှုများတွင် ပါဝင်နိုင်အောင် အချက်အလက်များဖြင့် ပူးပေါင်း အသိပေးနိုင် အောင် ကြိုးစား လုပ်ဆောင်လျက် ရှိပါသည်။

ဤအစီရင်ခံစာသည် မြန်မာနိုင်ငံ၏ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲမှုနှင့် အုပ်ချုပ်စီမံမှုနှင့်ဆိုင်သော အစီရင် ခံစာ စာစဉ်၏ တတိယမြောက် အစီရင်ခံစာ ဖြစ်ပါသည်။ ပထမ အစီရင်ခံစာမှာ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်၍ ရှုပ်ထွေးသည့် သမိုင်းကြောင်းများအား ပိုမို သိရှိနားလည်အောင် လေ့လာခြင်းနှင့် မြန်မာ့တပ်မတော်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်း လဲမှုအပေါ် အတွေ့အကြုံများနှင့် ကွဲပြားသော ရည်မှန်းချက်များကို သုံးသပ်ထားပါသည်။ ဒုတိယ အစီရင်ခံစာမှာမူ ကမ္ဘာတစ်ဝန်းမှ လုံခြုံရေးကဏ္ဍ စီမံအုပ်ချုပ်မှု၏ ဖက်ဒရယ်မော်ဒယ်များအပါအဝင် မြန်မာနိုင်ငံအတွက် အသုံးဝင် မည်ဟု ယူဆသော သင်ခန်းစာများကို ဆွဲယူ၍ ရေးသားထားပါသည်။

လက်ရှိအစီရင်ခံစာသည် တပ်မတော်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဆက်ဆံရေးနှင့် တရားဥပဒေအရ ၎င်းတို့၏ အာဏာခွဲဝေမှုကို အသေးစိတ် လေ့လာထားပါသည်။ ၎င်းတို့သည် လက်ရှိတွင် ညွှန့်ပေါင်း အစိုးရအဖွဲ့ အောက်တွင် အာဏာများကို ခွဲဝေ ကျင့်သုံးနေပါသည်။ ယခု အစီရင်ခံစာသည် လုံခြုံရေးကဏ္ဍ စီမံအုပ်ချုပ်မှုတွင် အရပ်သားများ ပိုမိုပါဝင်လာနိုင်ရန်အတွက် နယ်ပယ်များ ကျယ်ပြန့်အောင် လုပ်ဆောင်ခြင်းနှင့်အတူ လုံခြုံရေးနှင့် တရားရေးကဏ္ဍများနှင့်ဆိုင်သော အဖွဲ့အစည်းများ၏ ယဉ်ကျေးမှုနှင့် အလေ့အကျင့်များကို သုံးသပ် လေ့လာထား ပါသည်။ ထိုပြောင်းလဲမှုများတွင် အမျိုးသားနိုင်ငံရေးစနစ်နှင့်အတူ တပ်မတော်နှင့်အရပ်သားများဖြစ်သော အရပ်ဘက် အဖွဲ့အစည်းများ၊ မူဝါဒလေ့လာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် တက္ကသိုလ်များ၏ အခန်းကဏ္ဍလည်း ပါဝင်ပါသည်။ ၂၀၁၀ ပြည့်နှစ်မှ စတင်၍ အပြောင်းအလဲတချို့ကို စတင်မြင်တွေ့ရသော်လည်း အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းနှင့် နိုင်ငံတကာမှ မိတ်ဖက်အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ယခုထက်ပိုမိုကျယ်ပြန့်သော အပြောင်းအလဲများကို ဖော်ဆောင်နိုင်ပါသည်။

ကျွန်ုပ်မျှော်လင့်သည်မှာ ဤအစီရင်ခံစာမှ ပိုမို ပါဝင်မှုကျယ်ပြန့်ကာ  အချိန်နှင့် တစ်ပြေးညီ တုံ့ပြန်မှုရှိ၍  တာဝန်ခံမှု တာဝန်ယူမှုရှိသည့် လုံခြုံရေးကဏ္ဍ၏ အရေးပါပုံအပြင် ပြည်သူများ၏ ဘေးကင်းလုံခြုံမှုကို အထူး ဂရုစိုက် သော လုံခြုံရေးကဏ္ဍ ပေါ်ထွက်လာရန်အတွက် ပြည်တွင်းမှ ပြည်သူများဦးဆောင်မှုဖြင့် ဆွေးနွေးမှုများ ပိုမို ကျယ်ပြန့် လာအောင် ဖြစ်ပါသည်။ ယခုအစီရင်ခံစာကမူ အားလုံးအတွက် အကူအညီဖြစ်စေရန် ရေးသားပြုစုခြင်းဖြစ်ကာ အထူးသဖြင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် တစ်ဦးတစ်ယောက်ချင်းစီအတွက် ထိုကဏ္ဍ၏ စိန်ခေါ်ချက်များအား ပိုမိုနားလည်ကာ တုံ့ပြန် ဆောင်ရွက်နိုင်ရန်နှင့် ပိုမို ထိရောက်၍ တုံ့ပြန်ကူညီဆောင်ရွက်နိုင်သော နည်လမ်းများအား ဖော်ထုတ်နိုင်ရန် ဖြစ်ပါသည်။

ဤအကြောင်းအရာသည် အလွန်ရှုပ်ထွေး၍ အထိအရှလွယ်ကူသော်လည်း ယခုအစီရင်ခံစာသည် လုံခြုံရေး နှင့် တရားရေးကဏ္ဍများတွင် အပေါင်းလက္ခဏာ ဆောင်သော ပြောင်းလဲမှုများအတွက် ကြိုးပမ်းကြရာတွင် အပြု သဘောဆောင်ကာ အသုံးဝင်သော အထောက်အပံ့တစ်ခု ဖြစ်မည်ဟု ယုံကြည်ရပါသည်။