မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသမှ လုံခြုံရေး၊ တရားမျှတရေး၊ အုပ်ချုပ်ရေး - အပစ်အခတ်ရပ်စဲထားသောဒေသများမှ အသိအမြင်၊ သဘောထားများနှင့် အလေ့အထများ ဆန်းစစ်လေ့လာခြင်းစစ်တမ်း

Saferworld နှင့် ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ယက်တို့သည် ၂၀၁၃ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းရှိ ကရင်လူမျိုးများ ရင်ဆိုင်နေခဲ့ရသော ပဋိပက္ခနှင့် လုံခြုံရေးဆိုင်ရာ အဓိကပြဿနာများအား ရှာဖွေဖော်ထုတ်ရန်နှင့် ပိုမိုငြိမ်း ချမ်းမှုနှင့်အတူ တရားမျှတပြီး လုံခြုံသော လူမှုဝန်းကျင်များ ရရှိနိုင်ရန် ဒေသတွင်းမှ မောင်းနှင်သော အားထုတ်မှုများအား ပံ့ပိုးနိုင်ရန် အတူတကွ လုပ်ဆောင်လာခဲ့ကြ ပါသည်။

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ ကရင်အရပ်ဖက် လူမှုအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသော အကြီးမားဆုံး ကွန်ယက် တစ်ခုဖြစ်သည့် ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက်တွင် ပါဝင်သည့် အဖွဲ့ဝင်များသည် ဒေသတွင်း ကရင်လူမျိုးများအား စွမ်းရည်မြင့်တင်ပေးခြင်းနှင့် ကရင်ဒေသများတွင်ရေရှည်တည်တံ့ပြီး သာတူညီမျှသော ငြိမ်းချမ်းရေးအတွက် တင်ပြတောင်းဆိုခြင်း လုပ်ငန်းများတွင် စုပေါင်းအားဖြင့် ဆယ်စုနှစ်များ စွာသော အတွေ့အကြုံများ ရှိထားကြပါသည်။ Saferworld သည် အကြမ်းဖက်မှုများတားဆီးကာကွယ်ရေးနှင့် လူ့ဘဝများ ပိုမိုလုံခြုံစေရေး လုပ်ငန်းများအား မိတ်ဖက် အဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်ခဲ့သော နိုင်ငံတကာအတွေ့အကြုံမှာ ဆယ်စုနှစ် ၃ ခုကြာ ရှိခဲ့ပြီး ၄င်းအတွေ့အကြုံများအပေါ်အခြေခံ၍ ၂၀၁၂ ခုနှစ်မှစတင်ပြီး မြန်မာနိုင်ငံအတွင်း စတင်ဝင်ရောက် လာခဲ့ပါသည်။

လုံခြုံရေး၊ တရားရေးနှင့် အုပ်ချုပ်ရေးဝန်ဆောင်မှုတို့အား မည်သို့ ပံ့ပိုးပေးနေသည်၊ ပြည်သူများမှ မည်သို့ရရှိခံစားနေရသည်တို့သည် မြန်မာနိုင်ငံအနေဖြင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ရရှိနိုင်ရန် အဆုံးအဖြတ်ပေးမည့် ရှုပ်ထွေးလှသော အကြောင်း အရာများထဲမှ အဓိကနေရာတွင် ရှိနေပါသည်။ ၂၀၁၃ ခုနှစ်တွင် Saferworld နှင့် ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက်တို့ ပထမဆုံးအဖြစ် မိတ်ဖက်လုပ် ဆောင်မှု စတင်ခဲ့ပြီး၊ ၄င်းမိတ်ဖက်လုပ်ဆောင်မှုများသည် မြန်မာနိုင်ငံအတွင်းရှိ လုံခြုံရေး၊ တရားရေးနှင့် အုပ်ချုပ်ရေး တည်ဆောက်ပုံအား ပြောင်းလဲမှုပြုလုပ်ရန် အားစိုက်ထုတ်မှုများ မပါရှိပဲ၊ ပိုမိုသိသာလာပြီး၊ ၄င်းမိတ်ဖက်မှု ရည်ရွယ်ချက်အား ဆက်လက် ထားရှိခဲ့ပါသည်။ Saferworld နှင့် ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက်တို့မှ ပြည်သူများ ပိုမိုလုံခြုံမှုနှင့် ငြိမ်းချမ်းမှုများ ရရှိစေရန် ၆ နှစ်ကြာ ကြိုးပမ်းခဲ့မှုများ၏ နောက်ဆက်တွဲ အနေဖြင့် ပြည်သူများ၏ လိုအပ်ချက်များအား ဘက်စုံလွမ်းခြုံမှုရှိပြီး ထိရောက်သော ပံ့ပိုးမှုများ နှင့် တာဝန်ခံမှု၊ တာဝန်ယူမှုများရှိစေရန် အာဏာပိုင်များအား တင်ပြခြင်းနှင့် လွမ်းမိုးမှု ပြုခြင်းလုပ်ငန်းများအတွက် အထောက် အကူ ဖြစ်စေခဲ့ပါသည်။

ယခု အသိအမြင်၊ သဘောထားများနှင့် လက်တွေ့လုပ်ဆောင်မှုဆိုင်ရာ ဆန်းစစ်မှု လုပ်ငန်းသည် ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံးတို့ အကြားရှိ သမိုင်းဝင်အဖြစ်ဆုံးသော လက်နက်ကိုင် ပဋိပက္ခကြောင့် ထိခိုက်ခံစား ခဲ့ကြရသော ဒေသတွင်း သာမာန်ပြည်သူများ၏ အတွေ့အကြုံများအား ပိုမိုနားလည် လာစေရန် ရည်ရွယ်ခဲ့ပါသည်။ ၄င်းသည် ပဲခူး၊ ကရင်၊ မွန်နှင့် တနင်္သာရီဒေသများရှိ အပစ်ခတ် ရပ်စဲထားသော ကျေးလက်ဒေသများမှ ကျပန်းစနစ်ဖြင့်ရွေးချယ်ထားသော ကျေးရွာ ၇၂ ရွာမှ ဖြေဆိုသူ ၂၀၂၀ ဦးကျော်တို့၏ အတွေ့အကြုံအပေါ် လေ့လာ သုံးသပ် ထားခြင်း ဖြစ်ပါသည်။ တွေ့ရှိချက်များသည် အုပ်ချုပ်ရေးနှင့် ပိုင်နက်နယ်မြေ အခြေအနေများ အကြားရှိ နက်နဲရှုပ်ထွေးမှုများနှင့် ၄င်းအခြေအနေများသည် ရှည်လျားသော ပဋိပက္ခ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုများနှင့် အထောက်အပံ့ အစီအစဉ်များနှင့် ပင်ကိုအားဖြင့် မည်သို့ချိတ်ဆက် နေကြသည်ကို လည်း ပုံဖော်ထားပါသည်။

ယခုအစီအရင်ခံစာတွင် ပါဝင်သော အကြောင်းအရာများသည် နက်နဲသိမ်မွေ့သော အကဲဆတ်မှုနှင့် ရှုပ်ထွေးမှုများရှိနေသော်လည်း၊ ကျွန်တော်တို့ အနေဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရ၊ ကရင်အမျိုးသားအစည်းအရုံးနှင့် နိုင်ငံတကာ အကူအညီပေးရေး အသိုင်းအဝိုင်းများသို့ အကြံပြုသော အချက်အလက်များသည် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းရှိ အပစ်ခတ်ရပ်စဲထားသော ကရင်ဒေသများမှ ပဋိပက္ခနှင့် မလုံခြုံမှုများ၏ အရင်းအမြစ်များအား ဖြေရှင်းရာတွင် အထောက်အပံ့ဖြစ်စေရန် မျှော်လင့်မိပါသည်။